| Award | Ocean Lover (Best) |
|---|---|
| Name(Year of birth) | ငြိမ်းခေမံ / Nyein Khemam (2017) |
| Nationality | Burmese |
| Title | စိတ်ကူးထဲက ဒီရေတော The Mangrove in my dream |
| Description | သစ်ပင်လေးတွေက ” ဒီရေတောထဲက ကြိုဆိုပါတယ် ” လို့ ပြောနေတယ်။ ဖျံကလေးတွေက ငါးတွေဖမ်းစားနေတယ်။ ဖျံကလေးတစ်ကောင်က ဗိုက်ဆာလို့ ကျောက်ဆောင်ကြီးပေါ်က ဖျံတစ်ကောင်ဆီက ငါးသွားတောင်းစားမလို့ ရေကူးသွားနေတယ်။ ကျောက်ဆောင်ပေါ်က ဂဏန်းတစ်ကောင်က အပေါ်မှာဘာတွေရှိမလဲ ဆိုပြီး သွားစပ်စုနေတယ်။ မြားပစ်ငါးတွေက ပုစဉ်းတွေကို နှုတ်ခမ်းစူစူနဲ့ လှမ်းကြည့်နေတယ် ။ ငှက်ကြီးဝံပိုတွေက ငါးဖမ်းစားမလို့ ချောင်းနေကြတယ် ။ ရေအောက်က ဂဏန်းတွေကတော့ပျော်နေကြတယ် ။ ခရုတွေကတော့လျှောက်သွားနေကြတယ်။ ဒါကတော့ ကျွန်မရဲ့စိတ်ကူးထဲကဒီရေတောပါ။
— |